ညောင်တုန်းမြို့နယ်တွင် မိုးစပါး  (၅၇၈၀၁)ဧက စိုက်ပျိုးပြီးစီး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက ဆောင်ရွက်လျက်ရှိရာ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့် များကိုစိုက်ပျိုးလျက်ရှိပြီး  မိုးစပါးလျာထားဧက (၅၇၈၀၁) ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။ စိုက်ပျိုးထွက်ရှိသော စပါးများကို ညောင်တုန်းမြို့နယ် ဆန်စက်ကြီးများမှ အဆင့်မြင့်စွာ ကြိတ်ခွဲပြီး ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသော မြို့တစ်မြို့ဖြစ်သည်။

    ညောင်တုန်းမြို့နယ်အတွင်း  စိုက်ပျိုးသော စပါးများမှာ GW-11 စပါး၊ မှော်ဘီ ၅ စပါး၊ ဆင်းသုခ စပါး၊ မှော်ဘီ-၃စပါး၊ ဧရာမင်း စပါးများကို စိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် စပါးမျိုးများ ကို  ပျိုးထောင်စိုက်ပျိုးခြင်း ၂၃၁၀ ဧက၊ အစေ့ချ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ၂၁၇၄၂ ဧက ကျဲခင်း ၁၂၉၅၅ ဧက ၊  ကောက်စိုက် ခြင်း ၂၃၁၀၄ ဧက လျာထား ဧကပြည့်မီ စွာ  စိုက်ပျိုး ပြီးစီး ပြီဖြစ်ကြောင်းသိရသည်။

    ညောင်တုန်းမြို့နယ်  မိုးစပါး တစ်ဧကပန်းတိုင်ထွက်ရှိအောင် စိုက်ပျိုးရေးရှေ့တန်းစခန်းများအလိုက် ကွင်းဆင်းကူညီ ပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မီုးစေ့ထုတ်စိုက်ခင်းများကို အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးတို့အား ကြိုးစားဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများနှင့် ပူးပေါင်းကာ မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)