
၁၄.၈.၂၀၂၅ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ဆန်၊စပါးသိုလှောင်ရုံများအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ ဒေါ်မာရီချို ပိုင်ဆိုင်သည့် ဆန်၊စပါးသိုလှောင်ရုံအား MyRoတွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်၊ စပါး အဝင်အထွက် လက်ကျန်စာရင်းများအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်၊ စပါး သိုလှောင်ထားရှိမှုအခြေအနေ ဆန်၊ စပါးရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)