ကျိုက်ထိုမြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၁၄.၈.၂၀၂၅ ရက်နေ့ နံနက် ၉း၀၀နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို မြို့နယ်တာဝန်ခံသည် အခြားမိတ်ဖက်ဌာနဆိုင်ရာတို့ဖြင့် ပူးပေါင်း၍ ကျိုက်ထိုမြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိူးမျိုးတို့အား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ လက်လီ/လက်ကားဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်‌ရေးဥပဒေနှင့်အညီ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများ၊ မြေပဲဆီ၊ နှမ်းဆီများကို ရောင်းချကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိပြီး ဘေးအန္တရာယ်မရှိကြောင်း သိရပါသည်။

DOCA(မွန်)