ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ကွင်းဆင်းစစ်‌ဆေး

Powered by Drupal

   ၁၄.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ‌ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင် များနှင့် မိုဘိုင်းအော်ပရေတာများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှန်တကယ်အသုံးပြုသူများနှင့် စာချုပ်ဆိုနိုင်ရန် စာချုပ်ပုံများ သတ်မှတ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများအား မှန်ကန်သည့် အသေးစိတ်ငွေတောင်းခံလွှာများ ပေးပို့ခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်ကို သတ်မှတ်ပေးခြင်း ရှိ/မရှိ၊ အမှန်တကယ်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက်လုံခြုံ ရေးတို့ကို ကာကွယ်‌ပေးသည့် အစီအစဉ်များအား စာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/မရှိ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထား များအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြခြင်း ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)