ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း

Powered by Drupal

  ၁၅.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်းမ၌ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် အသင်း၏တာဝန်ရှိသူများမှ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမည့်ကိစ္စအား ဆွေးနွေးခဲ့ရာ ပြည်နယ် ဦးစီးမှူးက လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ရွေးချယ်ကြရန် အကြံပြုဆွေးနွေးခဲ့ ပြီး မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်။

DOCA (မွန်)