
ယခုဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၌ မြေပဲဆီဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆီဈေး တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် သို့ကျဆင်းလာကြောင်း သိရှိရသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ယခု အပတ်တွင် (၃၀၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
မြေပဲဆီဈေးနှုန်းကျဆင်းရခြင်းမှာ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံဈေးနှုန်းကျဆင်း ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆံဈေးနှုန်းမှာ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၈၅၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာမှ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၅၅၀၀၀) ကျပ်သို့ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရှိရသည်။ မြေပဲဆံများကို ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မှာယူရရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)