၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးများ အတွင်း ပဲပြားဈေးနှုန်း နှစ်တစ်နှစ်တိုင် တည်ငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝ၍ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာတစ်မျိုးဖြစ် သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ယခင်နှစ် ပဲပြားဈေးနှုန်းနှင့် ယခုနှစ် ဩဂုတ်လတတိယပတ် အထိ ပဲပြားဈေးနှုန်းမှာ ပဲပြားတစ်ပြားလျှင်(၂၅၀)ကျပ်၊ ပဲပြား(၁၃)ပြားလျှင် (၃၀၀၀)ကျပ်နှင့် ပဲပြား (၁၀၀)ပြားလျှင် (၂၂၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်းချကြောင်း၊ ၎င်း ပဲပြားများသည် ဘားအံမြို့တွင် ထုတ်လုပ်သလို မော်လမြိုင်မြို့ဘက်မှ ဝင်ရောက်လားသည်များလည်းရှိကြောင်း၊ ယခင်နှစ်နှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအနည်း ငယ်မြင့်တက်နေသောလည်း ပဲပြားဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)