ရာသီစာ ဂွေးချိုသီး ဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ် ဈေးအတွင်း ရာသီစာဂွေးချိုသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

   ဂွေးချိုသီးပင်သည်နှစ်ရှည်အပင်ကြီးမျိုးဖြစ်ပြီး၊ နေရာဒေသအနှံ့ တွေ့နိုင်ပါသည်။ ဂွေးချိုသီး ပင်တွင် ကယ်လ်စီယမ်ပါဝင်ခြင်း၊ ဗီတာမင်စီပါဝင်ခြင်း၊ သံဓာတ်ပါဝင်မှုမြှင့်မားခြင်း၊ အမျှင်ဓာတ် ပါဝင်မှုမြှင့်မားခြင်းတို့ကြောင့် လူတို့ စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။

   ဘားအံမြို့ရေပေါ်ဈေးတွင် ဂွေးချိုသီးကို အရွယ်အစာအလိုက်ရောင်းချကြသည်။ ဂွေးချိုသီး လက်ကားဈေးနှုန်းအနေဖြင့် ဂွေးချိုသီးအလုံးကြီး(၃၀၀)ပါအိပ် တစ်အိပ်လျှင်(၇၀၀၀၀)ကျပ်၊ ဂွေးချိုသီး အလုံးသေး(၄၀၀/၄၅၀)ပါအိပ် တစ်အိပ်လျှင် (၄၂၀၀၀)ကျပ်နှုန်းနှင့်လက်လီးဈေးနှုန်းမှာ ဂွေးချိုသီး အလုံးကြီး တစ်လုံးလျှင်(၂၅၀)ကျပ် အလုံး(၁၀၀)လျှင်(၂၀၀၀၀)ကျပ်နှုန်း၊ဂွေးချိုသီး အလုံးသေး တစ်လုံး လျှင်(၁၀၀)ကျပ် အလုံး(၁၀၀)လျှင် (၈၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်းချကြောင်းနှင့် ယင်း ဂွေးချိုသီး များသည် ဒေသထွက်ရှိသလို မော်လမြိုင်၊ရေးနှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များ ဘက်မှ ဝင်ရောက် လာသည်များလည်းရှိကြောင်း သိရသည်။

DOCA(ကရင်)