ဝဥစိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

   ဝဥသည် မြန်မာနိုင်ငံတောင်ပေါ်ဒေသများ၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် သဘာဝအလျောက်   ပေါက်ရောက်ပါသည်။ ဝဥကို ချက်စားခြင်း ၊ ကြော်စားခြင်း၊ သုပ်စားခြင်း၊ အရည်သောက်စွပ်ပြုတ် လုပ်ခြင်းစသည်ဖြင့် စားသောက်နိုင်သည့်အပြင် ဝဥမှတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဝဥကြာဇံ ကိုလည်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ဝဥအစို တစ်ပိဿာ လျှင် ကျပ်(၃၀၀၀)၊ ဝဥခြောက်မှာ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀မှ၁၅၀၀၀)၊ ကုန်ချောဖြစ်သော ဝဥကြာဇံမှာ တစ်ဆယ့်နှစ်ခွေပါတစ်ထုပ်လျှင် ကျပ်(၁၆၀၀၀)၊ ဆယ်ခွေပါ တစ်ထုတ်လျှင် ကျပ်(၁၂၀၀၀)၊သုံးခွေပါတစ်ထုပ်လျှင် ကျပ်(၃၅၀၀)ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)