ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံနှင့် မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၁၀၂၆၀၀၀) ပိဿာဝင် ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရ ပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၄၁၀၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၃၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၆၅၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မုံရွာ ကြက် သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၇၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၇၅၀၊ ရှယ်မှာ ကျပ် ၁၈၅၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူ ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးတူညီနေပြီး မြင်းခြံ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)