မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်ရှိ စားသုံးဆီလက်လီ အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ နေ့လည် (:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ သလ္လာဝတီရပ်ကွက်ရှီ စားအုန်းဆီ လက်လီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ၊ အလေး ချိန်မှန်ကန်မှုရှိ/မရှိ၊ စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းကို မြင်သာသည့်နေ့ရာ တွင် ရေးသားဖော်ပြထားရန် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)