
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော စိုင်ခြံ၊ ရေချိုကုန်း၊ သဲဖြူကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မြို့မဈေး၊ အောင်ဧရာဈေးနှင့် ဘိုကနောင်ဈေးတို့တွင် ရောင်းချနေသော ခရမ်းသီး ဈေးနှုန်း များအနေဖြင့် ခရမ်းသီး အလုံးအရွယ်အစားပေါ်မူတည်၍ (၅၀၀)ကျပ်မှ(၈၀၀)ကျပ် ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(ဧရာဝတီ)