ကျွန်းလှမြို့တွင် ရောင်းချနေသော ဝက်အူချောင်း ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ဩဂုတ်လ ဒုတိယပတ်၏ ရောင်းချနေသော ဝက်အူချောင်း တစ်ပိဿာလျှင် (၄၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၄၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)