
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းဈေးကော်မတီအဖွဲ့ဖြင့် ၁၂-၈-၂၀၂၅ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ကမ်းနားလမ်းရှိ အ.လ.က-၁ ကျောင်းမုန့်ဈေးတန်းသို့ ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ မပါသော မုန့်များအား ရောင်းချခြင်းမပြုရန်၊ လက်သုတ်နှင့် မြန်မာမုန့်များကို လက်အိတ်များ ဝတ်ဆင်ကြရန် အစားအသောက်များအား အဖုံးအအုပ်များ ဖုံးအုပ်ထားရှိရန် တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ အချက်များအား ပြည့်စုံစွာ အကျယ်တဝင့် ရှင်းလင်းမှာ ကြားခဲ့ကြောင်း သတင်းရသည်။
DOCA(ဧရာဝတီ)