
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ( ၁၃ ) ရက်နေ့၊ ညနေ(၁၅:၃၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၅) ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်မှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူးက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တက်ရောက်လာကြသော အဖွဲ့ဝင်အသီးသီးက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးအား ညနေ(၁၆:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)