မှန်တန်းရပ်ကွက်သို့ စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးလျှက်ရှိ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၁၃.၈.၂၀၂၅ ရက်နေ့၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် စားအုန်းဆီကိုသက်သာသောဈေးနှုန်းဖြင့် အိမ်တိုင်ရာ ရောက်ရောင်း ချသည့် အစီအစဉ်ကို လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။ အဆိုပါ စားအုန်းဆီ ရောင်းချသည့်အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀) ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)