
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် သြဂုတ်လပထမပတ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းကြောင့် အသား၊ ငါးဈေးနှုန်းများတွင် ပုစွန်ထုပ်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ပုစွန်ထုပ်များကို ငါးလှေလံဈေးများမှတဆင့် ဝယ်ယူရောင်းချ ကြပြီး မြိတ်မြို့ပေါ်ရှိဈေးများတွင် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပုစွန်ထုပ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံရောင်းချသည့်ဆိုင်များမှ ပိုမိုဝယ်ယူကြကြောင်း သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသောဈေးများတွင် ရေချိုပုစွန်ထုပ်ဈေးနှုန်းမှာ အငယ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ရှိပြီး အကြီးတစ်ပိဿာလျှင် (၅၅၀၀၀)ကျပ်ရှိကြောင်း အသား၊ငါးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)