မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးဖလား (ရပ်ကွက်/ ကျေးရွာ)ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (ရပ်ကွက်/ကျေးရွာ)ပေါင်းစုံ အလွတ်တန်း ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ၁၁.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀)ဘောလုံးကွင်း၌ ကျင်းပသည်။

      မိုးရာသီဘောလုံးပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံခိုင်စေရေး၊ ဘောလုံးအားကစား နည်းအားလူတန်းစားအလွှာအသီးသီးမှ အထူးစိတ်ဝင်စားလာပြီး မြန်မာ့ဘောလုံးအားကစား နည်းအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် မြို့နယ်၊ ပြည်နယ်ပြိုင်ပွဲများမှ နိုင်ငံလက်ရွေးစင် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပပေးလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း (၁၄)သင်းက ပါဝင်ခဲ့ရာ ဗိုလ်လုပွဲစဥ်တွင် မြို့မ (၂) အသင်းနှင့် မြို့မ (၃) အသင်းတို့ ယှဥ်ပြိုင်ကြ၍ ပယ်နယ်တီ အဆုံးအဖြတ်(၃ ဂိုး၊ ၄ ဂိုး)ဖြင့် မြို့မ(၃) အသင်းက အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲ ပွဲစဥ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယ တစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူ (၁၆၀၀)ခန့် အားပေးကြကြောင်း သိရသည်။

DOCA (မွန်)