
၁၃.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ မော်လမြိုင်အဆင့်မြင့်ငါးဈေးသစ်သို့ စစ်ဆေးကြည့်ရှုသည့် ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြပြီး မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ အဆင့်မြင့်ငါးဈေးသစ်တွင် ငါးဒိုင်ဆိုင်ခန်းများဖွင့်လှစ်ရောင်းချမှု၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ဈေးသန့်ရှင်းသပ်ရပ်စွာရှိရေးနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအပေါ် စစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)