
၁၃.၈.၂၀၂၅ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ ကမာဝက်မြို့ အမှတ် (၆)၊ ဗိုလ်ချုပ်လမ်း၊ တရုတ်တန်းရပ်ရှိ ဟင်းမွှေးမဆလာ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မုဒုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာရန်၊ ထုတ်ကုန် ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီအောင်ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုဖော်ပြရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)