စားသုံးဆီအမျိူးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၃.၈.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာစျေးသို့သွားရောက်၍ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိူးတို့အား  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါတို့ကို အဓိကထားစစ်ဆေးပြီးနောက် ရောနှောဆီများ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ စားသုံးသူများလုံခြုံစိတ်ချစွာ စားသုံးနိုင်သော ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာ ရောင်းချနေပြီး စစ်ဆေးသူတာဝန်ရှိသူများက လုံခြုံစိတ်ချမှုရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုကြရန် ကုန်စည်ရောင်းချသူတို့အား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)