
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သံလမ်းဈေးတွင် ဖရဲသီးများ ဇူလိုင်လမှ စတင် ဝင်ရောက်လာပြီး အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဖရဲသီးစျေးနှုန်းများမှာ တစ်လုံးလျှင် (၁၀၀၀-၂၀၀၀) ကျပ်မှ စတင်၍ အလုံးကြီး ၇၀၀၀ ကျပ်၊ အလုံးလတ် ၅၀၀၀ ကျပ်နှင့် အလုံးသေး ၃၀၀၀ ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိ ကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)