
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်း(မိုး)ကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၇၀၆၀)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၅၆၃၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၂၆၅၀)ဧက ၊ စုစုပေါင်း (၂၅၃၄၆)ဧက စိုက်ပျိုးထားရှိခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၃၂၉၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၄၆၄၁)ဧက ၊ မြစ်သားမြို့နယ်တွင်(၆၀၇)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လ နှင့် ဇူလိုင်လများတွင် စတင်ခူးဆွတ်ရကြောင်း သိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုး နှင့် ရေဆင်း(၁၁)မျိုးကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့(၅-၆)ပြီခန့် ကုန်ကျကြောင်း၊ပဲတီစိမ်းမျိုးဈေးနှုန်းအနေဖြင့် တစ်ပြီလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုး ရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊ စုစုပေါင်း(၅၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် ပဲတီစိမ်များ ရိတ်သိမ်းလျှက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၂-၁၃)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် ပဲတီစိမ်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၂၅၀၀/-) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းလျှင်(၉၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ် နှင့် ယခုနှစ် စျေးနှုန်းများ နှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ မြင့်တက် လျှက်ရှိပါသည် ။ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပြီး အကျိုးအမြတ် အနေဖြင့် (၆၄၀၀၀၀/-) ကျပ် ဝန်းကျင် မြတ်ကြောင်း တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)