စားအုန်းဆီသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချစေရေးဆွေးနွေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် ဩဂုတ် 30 ရက် နံနက်က ဧရာဝတီတိုင်းဒေသကြီးတွင် စားအုန်းဆီဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့် လက်ကား၊ လက်လီအရောင်းကိုယ်စားလှယ်များအား ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

       ဦးစွာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက ပြည်သူများသို့ စားအုန်းဆီသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချကြစေရေးနှင့် စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်း စဉ်တစ်လျှောက် စနစ်တကျနှင့် မှန်ကန်စွာဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ မှာကြားသည်။  အဆိုပါ တွေ့ဆုံပွဲအခမ်းအနား့ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် လက်ကား၊ လက်လီဆီ အရောင်းကိုယ်စားလှယ်များ စုစုပေါင်း ၁၇2 ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။