“စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှကျောက်ဆည်ခရိုင်အတွင်းMSME လုပ်ငန်းများအားကွင်းဆင်းလေ့လာ”

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးသည် သြဂုတ်လ(၁၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဝန်ကြီးများနှင့်အတူကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder) ၊ ဓါတ်မြေသြဇာ နှင့်မျိုးစေ့များ‌ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးသည် သံရွာကျေးရွာရှိ ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှု့စစ်ဆေးပြီး ဌာန၏တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ကျောက်ဆည်မြို့ရှိ အမှတ်(၀၂၀) ဖွဲနုဆီစက်သို့သွားရောက်၍ စက်ရုံလုံခြုံရေးအထူးဂရုစိုက်ရန်၊တာဝန်ကျဝန်ထမ်းများအား မှာကြားခဲ့ ပါသည်။ ထို့မှတဆင့် နေ့လည်ပိုင်းတွင် ကျောက်ဆည်မြို့ရှိ မြဘုရင်နို့ချက်စက်ရုံသို့ သွားရောက်၍ စက်ရုံ၏ ကုန်ကြမ်းရရှိမှု ၊ ကုန်ချောထုတ်လုပ်မှု နှင့် စက်ရုံအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံး စားအုန်းဆီလိုအပ်ချက်များအား စက်ရုံမန်နေဂျာမှ ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း ကုန်ချော ထုတ်လုပ်မှုများအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)