မန္တလေးဆီနှင့်ဆီကြိတ်ဖတ်စျေးကွက်

Powered by Drupal

  မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြု လျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများ မှာ မြေပဲဆီ ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၃၀၀ဝိ/-နှင့် ၁၄၀၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၃၀၀၀ ကျပ်တို့ဖြစ်ပြီး ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၂၇ဝိ/- နှင့် ၄၂၅ဝိ/-၊နှမ်းဖတ် ၂၇၀ဝိ/-နှင့် ၂၇၅ဝိ/-၊ နေကြာဖတ် ၂၁၀၀ကျပ်နှင့်၂၁၅ဝိ/- နှင့် ပန်းနှမ်းဖတ် ၂၄၀၀ ကျပ်နှင့် ၂၄၅၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)