မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

Powered by Drupal

    မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လဒုတိယ ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၆၅၀၀ကျပ် နှင့် ၇၈၀၀ကျပ်၊S1 ဆီဆံ ၆၅၀၀ကျပ်နှင့် ၇၂၅၀ကျပ်၊ အနီလုံးဆံ ၇၁၀၀ ကျပ်နှင့် ၇၃၀၀ကျပ်၊ အနီ ဆီဆံ ၆၁၀၀ ကျပ်နှင့် ၆၄၀၀ကျပ်၊ပြန့်လုံဆံ ၆၇၀၀ကျပ်၊ M တွဲဆီဆံ ၆၈၀၀ကျပ်နှင့် ၇၂၀၀ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၁၀၅၀၀ ကျပ်နှင့် ၁၀၇၀၀ ကျပ်၊ S1 ဆီဆံ ၁၀၀၀၀ ကျပ်နှင့် ၁၀၄၀၀ကျပ်၊ အနီလုံးဆံ ၉၅၀၀ ကျပ်နှင့် ၉၈၀၀ကျပ်၊ အနီဆီဆံ ၉၂၀၀ကျပ်နှင့် ၉၅၀၀ကျပ်ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်နှင့်ယခုနှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက  စျေးလျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)