ကန့်ဘလူမြို့တွင် ကန်စွန်းရွက်ပေါင်းထုပ်ရောင်းချသူများ မိသားစုဝင်ငွေရရှိ

Powered by Drupal

      ကန်စွန်းပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်းငယ်များ၊ လယ်ကန်သင်းရိုးများ၊ စိုစွတ်သောမြေများတွင် ကန်စွန်းပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။ မိုးရာသီတွင် ကန်စွန်းပင်များပေါများ စွာပေါက်ရောက်ပြီး နွေရာသီတွင် ဒေသခံများက ရေးသွင်း၍ စိုက်ပျိုးပြီး မိသားစုဝင်ငွေရရှိရေးအတွက်ခူး၍ ကန်စွန်းရွက်ပေါင်းအဖြစ်ပြန်လည်ရောင်းချကြပါသည်။ ကန်စွန်း ပင်သည် အရွက်ရော၊အရိုးများကိုပါ စားသုံးနိုင်ကြောင်း၊ ယခုအခါကန်စွန်းရွက်ပေါင်းပြုလုပ်ရာ တွင်ကန်စွန်းရွက်နှင့်အရိုးနုကလေးတွေကို ရေဆေးပြီးပါးပါးလှီးကာ မုန့်နှစ်၊ ဆား၊ ဆီ၊ ကြက်သွန်၊ ဂျင်းထည့်ပြီးနယ်၍ ဖက်ဖြင့်ထုပ်ကာပေါင်းပြီး ကန်စွန်းရွက်ပေါင်းအဖြစ်ရရှိလာကြောင်း၊ ရရှိလာ သောကန်စွန်းရွက်ပေါင်းများကို ကန့်ဘလူမြို့မဈေးသို့လာရောက်ရောင်းချကြောင်း၊ ကန်စွန်းရွက် ပေါင်းထုပ်ကလေးများကို ဟင်းအဖြစ်လည်းကောင်း၊ ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာအဖြစ် လည်းကောင်း စားသုံးရန် ဝယ်ယူကြကြောင်း၊ ကန်စွန်းရွက်ပေါင်းသည်၏ ပြောပြချက်အရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း တစ်ရက်လျှင် ကန်စွန်းရွက်ပေါင်းထုပ်(၃၀မှ၄၀)ခန့်အထိရရှိပြီး ကန်စွန်းရွက် ပေါင်းထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ်ရောင်းချရသဖြင့် အရင်းမစိုက်ရဘဲထိုက်သင့်သည့် မိသားစု ဝင်ငွေရရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)