
ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၅၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၄၅၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၅၀၀၀ကျပ်နှင့်၂၃၇၀၀၀ကျပ်၊ကုလားပဲ(929) ၂၄၅၀၀၀ကျပ်နှင့်၂၄၆၀၀၀ကျပ်၊ တစ် ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၃၆၇ကျပ်၊ ကုလားပဲ(V-7) ၄၂၇၉ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၁၇၈ကျပ်နှင့်၄၂၁၃ကျပ်၊ ကုလားပဲ(929) ၄၃၅၆ကျပ်နှင့် ၄၃၇၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလ တူ တစ်ပိဿာစျေးမှာ ကုလားပဲ (V-2) ၅၅၈၉ ကျပ်၊ကုလားပဲ (V-7)၆၁၁၃ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)၄၉၇၈ကျပ်နှင့်၅၀၆၇ကျပ်၊ကုလားပဲ(929) ၅၁၅၆ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးလျော့နည်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)