
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution ကုမ္ပဏီမှ ခွဲတမ်း ရရှိသော စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင် (၈) ဆိုင်ဖြစ်သော ရွှေတိုးအောင်၊ စစ်ကိုင်း၊ မြနှင်းဆီ၊ သစွာ၊ မေတ္တာရှင်၊ လင်းလင်း၊ ဦးထွန်းရွှေနှင့် ဖြိုးဆီဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ နှင့် သတ်မှတ်အရေအတွက်၊ အလေးချိန်မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် စစ်ကိုင်းခရိုင်အတွက် မန္တလေးမြို့ရှိ Mandalay Global Network Distribution ကုမ္ပဏီမှ တစ်လလျှင် စားအုန်းဆီပေပါ (၇၇၀) အား ခွဲတမ်းရရှိသော စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင် (၈)ဆိုင် နှင့် မြင်းမူမြို့ရှိ (၁)ဆိုင်တို့အား ရောင်းချပေးနေကြောင်း၊ ဆီဆိုင်များအနေဖြင့် (၇၇၀) ပေပါ၏ ၁၅% အား ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ ပညာရေးဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ ၁၀% အား ကသာခရိုင်နှင့် ကျန် ၇၅% အား ဆီဆိုင်တစ်ဆိုင်အနေဖြင့် တစ်ရက်လျှင် ရပ်ကွက်/ ကျေးရွာ တစ်ခုစီရှိ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ (၁) ပိဿာ (၇၀၀၀/-) ဖြင့် ဥပုဒ်နေ့မှအပ နေ့စဉ်ရောင်းချပေးကြောင်း ၊ ကျန်ဆီများကို မိမိဆိုင်၏ ဆီလက်လီဆိုင်များနှင့် ရပ်ကွက်/ ကျေးရွာများသို့လည်းကောင်း ရောင်းချပေးလျှက်ရှိကြောင်း၊ ခွဲတမ်းဆီ ၁၀% အား စစ်ကိုင်းခရိုင်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အသင်းဥက္ကဌ ဖြစ်သော ရွှေတိုးအောင်ဆီဆိုင်တွင် ထားရှိပြီး ကသာခရိုင်သို့ လမ်းခရီး အခြေအနေကောင်းမွန်ပါက မန္တလေးမြို့ မှတဆင့် ကားဖြင့် တင်ပို့ပေးကြောင်း၊ လမ်းခရီးအခြေအနေ မကောင်းပါက သာသနာရေး ဦးစီးဌာနမှ ပေးပို့ထားသော စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)