မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့နယ်သာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ် စတစ်မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရေးနှင့် ပလတ်စတစ်အိတ်အစား စက္ကူအိတ်၊ အင်ဖက်များ၊ ငှက်ပျောဖက်များဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များပူးပေါင်း၍ (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ မြို့မဈေး၌ စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန် စွာ ဖော်ပြမထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)