
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၇.၈. ၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အခြေခံ ပညာအထက်ကျောင်းတွင်လည်းကောင်း၊ (၈.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃ :၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၃၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲများ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)