တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်‌တောင်သူများအား သဘာဝမြေသြဇာပေးအပ်ခြင်းအခမ်းအနားအား တက်‌ရောက်ခြင်း

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထားဝယ်မြို့နယ်၊ အမှတ်(၄)၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင် တောင်သူများအား သဘာဝမြေသြဇာပေးအပ်ခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူး မှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ထားဝယ်မြို့၊ အမှတ်(၄)၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာအချိန်ကိုက်၊ အချိုး ကျရောနှော ကြဲပက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)