ထားဝယ်မြို့သို့ သင်္ဘောြဖင့်ရောက်ရှိလာသော ဘိလပ်မြေများအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တွင် ဘိလပ်မြေပြတ်လပ်မှုမရှိစေရေး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့(၁၁း၄၅) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီဝေပုလ္လ သင်္ဘောဖြင့် တင်ဆောင်လာသော ကြံ့နှစ်ကောင်အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေ အိတ် ၃၅၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါဘိလပ်မြေများအား ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)