
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားရင်ပြင်ရှိ မိုးလုံ၊ လေလုံ အားကစားရုံကြီးအတွင်း၌ ပညာဥယျာဥ် ကိုယ်ပိုင်ကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူအင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)