
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စားသုံးသော ငရုတ်သီးခြောက်များကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များမှတဆင့် ကားလမ်း၊ ရေလမ်းဖြင့် အများဆုံးသယ်ယူရောင်းချလျက်ရှိပါသည်။ ယခင်လတွင် ငရုတ်သီးခြောက် အရှည်တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်နှင့် (၁၃၀၀၀)ကျပ် ခန့်ရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၁၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။
ယခုသြဂုတ်လ ဒုတိယပတ်တွင် ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်နှင့် (၂၃၀၀၀)ကျပ်ခန့်ထိ အသီးသီး ရှိကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)