
ကြုတ်ပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး အရွက်အပြင် အသီးများပါ အသုံးဝင်ကြောင်း သိရှိရပါ သည်။ ကြုတ်သီးကိုအဓိကအားဖြင့် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့် အဓိကထားသုံးစွဲကြပြီး ခေါင်း လျှော်ရည်များတွင် သုံးစွဲကြသည်။ အဓိကအားဖြင့် ဒေသတွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးလေ့ရှိပြီး အရွက်မှာလည်း ကျန်းမာရေးအတွက်အသုံးဝင်သောကြောင့် တန်ဖိုးရှိသောအပင်ဖြစ်သည်။ အစာ ကြေ၊ လေနိုင်သောကြောင့် လေထိုးလေအောင့်ဖြစ်သူများစားသုံးသင့်ပြီး ငပိရည်တို့စရာအဖြစ် သုံးစွဲ ကြလေ့ရှိကြပါသည်။ ကြုတ်ရွက်ကို မာဆလာထုတ်ကုန်များတွင် အနံ့ပေါ်လွင်စေရန် နှင့် ဟင်းလျာ များတွင် အနံ့မွေးစေရန် သုံးစွဲလေ့ရှိကြပါသည်။ စျေးကွက်တွင် အရွက်တစ်စည်းလျှင် ကျပ် ၅၀၀ ခန့်ရှိပြီး၊ အသီးတစ်လုံးလျှင် ၃၀၀ ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)