ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၄၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၈၀၀) ကျပ်၊ ၁ပိဿာ လျှင်  (၅၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကျားခြေရာခရမ်းချဉ် တောသီး (  ၁ ) ပိဿာ လျှင်( ၃၈၀၀)ကျပ်၊  အာလူး အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၄၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ပထမပတ်နှင့် နှိုင်းယှဉ်ပါက အာလူးဈေးနှုန်း ငြိမ်နေပြီး ခရမ်းချဉ်သီး အဝင်နည်းသဖြင့် ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)