မိတ္ထီလာမြို့ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်း ‌ဈေးကွက်အခြေအနေ

Powered by Drupal

     မိတ္ထီလာဈေးကွက်တွင် ကွမ်းရွက်များကို မတ္တရာ၊ မုံရွာ၊ ကျောက်ဆည် ၊ ရေဝန်း ၊ တံတားဦး ၊  ကံဦးမြို့များမှ ဝင်ရောက်လျက်ရှိပြီး၊ ကွမ်းသီးများကို ဘိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များမှ ဝင်ရောက် လျက်ရှိကြောင်းသိရှိရသည်။

          ယခုနှစ်ဩဂုတ်လပထမပတ်တွင် ဈေးကွက်အတွင်း၌ ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ အရွက်ကြီးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် ကွမ်းသီးရှယ်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ကွမ်းသီးရိုးရိုးတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်လနှင့် ကာလ တူနှိုင်းယှဉ်လျှင် ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းများဈေးငြိမ်နေကြောင်း၊ ယခုမိုးရာသီကာလတွင် ဈေးကွက်၌ ကွမ်းရွက်များအဝင်များသော်လည်း အရောင်းအဝယ်ပုံမှန်ရှိသဖြင့်  ဈေးနှုန်းတည်ငြိမ် နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိမြို့နယ်များအား ပြန်လည်ဖြန့် ဖြူးရောင်းချ လျက်ရှိကြောင်း ဈေးကွက်မှသိရပါသည်။

DOCA (မန္တလေး)