
မိတ္ထီလာခရိုင်တွင်း သာစည်မြို့နယ်ရှိ ညောင်တိုကျေးရွာတွင် ရွှေဖရုံသီးများကို စီးပွားဖြစ် စိုက်ပျိုးခဲ့ရာ ယခုအခါ တွင်အိုးဖရုံသီးများကိုပါတိုးချဲ့စိုက်ပျိုးလာကြောင်းသိရပါသည်။ ရွှေဖရုံသီး/ အိုးဖရုံသီးများကိုဇူလိုင်လလယ်မှစ၍စတင်ထွက်ရှိပြီးအောက်တိုဘာလလောက်ထိခူးဆွတ်နိုင်ကြောင်း၊ ၊ ဈေးကွက်တွင် ဒေသတွင်း ထွက်ရှိသောရွှေဖရုံသီး ၊ အိုးဖရုံသီးများအပြင် ရှမ်းပြည်နယ်မှလာသော ရှမ်းဖရုံသီးများဝင်ရောက်လျှက်ရှိကြောင်း ၊ ရွှေဖရုံသီး ၊အိုးဖရုံသီး များမှာအလုံးအနေတော်ဖြစ်၍ တစ် လုံးဈေးရောင်းချပြီး ၊ ရှမ်းဖရုံသီးများ မှာ အလုံးကြီးများဖြစ်၍ ပိဿာဈေးဖြင့် ရောင်းချကြကြောင်း သိရ ပါသည်။
ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ဒေသတွင်းရွှေဖရုံသီး/အိုးဖရုံသီး အလုံး(ဂျွန်)(၆၀)ပါအိတ် (၂၀/၃၀)ဝင်ရောက် လျှက်ရှိပြီး ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းဖရုံသီး (၃၀၀/ ၄၀၀)ဝင်ရောက်လျှက်ရှိကြောင်း ၊ တင်ပို့မှုအနေဖြင့် ဒေသတွင်းအပြင် တောင်သာ ၊ ပခုက္ကူ ၊ ရန်ကုန် ၊ မော်လမြိုင်မြို့များသို့ (၂)ရက်ခြားတင်ပို့မှုရှိကြောင်း ၊ဈေးနှုန်းအနေဖြင့် ရွှေဖရုံ/အိုးဖရုံ လက်ကားဈေး အလုံး(ဂျွန်) (၆၀)ပါတစ်အိတ် (၃၀၀၀၀/)ကျပ် ၊ ရှမ်းဖရုံတစ်ပိဿာ (၁၁၀၀/)ကျပ် ၊ လက်လီဈေး အနေဖြင့် အိုးဖရုံ/ရွှေဖရုံ အလုံးအရွယ်အစားအလိုက် တစ်လုံး (၅၀၀-၈၀၀)ကျပ် ၊ ရှမ်းဖရုံ တစ်ပိဿာလျှင် ၁၃၀၀/ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မိတ္ထီလာမြို့ ဟင်းသီးဟင်းရွက်(ဘဲကန်)လက်ကားဈေးမှသိရှိရပါသည်။
DOCA (မန္တလေး)