
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး) ဦးဆောင်း၍ ၂၀၂၅ခုနှစ် ဩဂုတ်လ (၄)ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် မိတ္ထီလာမြို့နယ် ညောင်ကိုင်း ၊ အ.ထ.က ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဦးစန်းအောင် (ဒု-ဦးစီးမှူး) မှ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် အသိပညာ ပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ တိုင်ကြားမှုလက်ခံဖြေရှင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ကျောင်းသား/ကျောင်းသူ များ အနေ ဖြင့် မိမိအခွင့်အရေးများ မဆုံရှုံး၊မနစ်နာစေရန်အ တွက်လာရောက် အသိပညာပေး ဟောပြော ရကြောင်း၊ မိမိတို့သိရှိပြီဆိုပါက ထပ်ဆင့်မိဘဆွေမျိုးများသို့ ထပ်ဆင့်အသိပညာပေး ရှင်းလင်းပေး စေလိုကြောင်း ပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် စတင်ပြဌာန်း ခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်း ခဲ့ကြောင်း၊ ဥပဒပါ စားသုံးသူနှင့် လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ရရှိသည့် အခွင့်အရေးများကို ဥပမာများဖြင့်လည်းကောင်း ၊ လိုက်နာရမည့် တာဝန်များ နှင့် ပတ်သက်၍လည်းကောင်း အကျယ် တဝင့်ဆွေးနွေးပြောကြားခဲ့ ပါသည်။ ထိုအပြင်အခန်း (၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိသင့်သိထိုက် သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူ စုစု ပေါင်း(၅၇၄)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲ နံနက် (၁၁း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA (မန္တလေး)