
မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်စိုက်ပျိုးရာ ရာသီအထွက်နွေစပါး(၇၀၈)ဧက စိုက်ပျိုးခဲ့ရာ ဇူလိုင်လကုန်အထိ (၃၇၀)ဧကရိတ်သိမ်းပြီးအထွက်နှုန်းအနေဖြင့် တစ်ဧက(၈၈.၅၀)တင်းထွက်ရှိကြောင်း သိရသည်။
နွေစပါးကို မိတ္ထီမြို့နယ်တွင် မိတ္ထီလာကန်ရေရရှိသော လယ်မြေများ၌ (၄၂၉)ဧက၊ မုန်တိုင်ဆည် ရေပေးရေးလယ်မြေများတွင် (၂၀၄)ဧက၊ ချောင်းကောက်ဆည်ရေပေးလယ်မြေများတွင် (၆၃)ဧက၊စုစု ပေါင်း(၇၀၈)ဧက စိုက်ပျိုးခဲ့ရာ ဘောင်ပျိုးစနစ်ဖြင့်(၆၅)ဧက၊ ပျိုးစိုက်စနစ်ဖြင့်(၅၆၀)ဧက ၊အစေ့ချစနစ် ဖြင့် စိုက်ဧက(၈၃)ဧကစိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဘောင်ပျိုးစနစ်မှာ(၉၃.၂၄) တင်းဖြင့် အများဆုံးထွက်ရှိကြောင်း သိရပါသည်။
နွေစပါးမှာ ဆည်ရေကန်ရေရရှိသော လယ်မြေများတွင်စိုက်ပျိုးရသဖြင့် သက်နုစပါးများကို စိုက်ပျိုးရာ ယခုနှစ်တစ်ဧကကုန်ကျစရိတ်မှာ (၆၅၀၀၀၀)ခန့်ကုန်ကျပြီး စပါးဈေးနှုန်းမှာ တစ်တင်းလျှင် (၁၅၅၀၀/၁၆၀၀၀)ဈေးရှိသည့်အတွက် တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်း တောင်သူများထံမှ သိရပါသည်။
DOCA (မန္တလေး)