
အိမ်ရှင်မများအတွက် မဖြစ်မနေအသုံးကျသည့် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် မီးသွေးအိတ်၊ ထင်းရှုးဆီများကို ရွှေဘိုမြို့ရှိ ဈေးများ၊ ကုန်စုံဆိုင်များ၊ အိမ်ဆိုင်များတွင် ရောင်းချလျက်ရှိရာ မီးသွေးအိတ်နှင့် ထင်းရှုးဆီများကို မိုးရာသီတွင် အရောင်းသွက်ကြောင်း၊ မီးသွေးကို (၁)တင်းခွဲဝင် အိတ်သော်လည်းကောင်း၊ (၁)ပြည်ဝင်အိတ် သော်လည်း ကောင်း ရောင်းချကြ ကြောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍လည်း ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော မီးသွေးနှင့်ထင်းရှုးဆီဈေးနှုန်းမှာ မီးသွေး (၁)တင်းခွဲဝင် (၁)အိတ်လျှင်(၁၆၀၀ဝိ/-) ကျပ် မှ (၁၇၀ဝဝိ/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ မီးသွေးအခဲ(၁) ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၁၀၀ဝိ/-)ကျပ် မီးသွေး အလတ်ကွဲ(၁)ပြည်ဝင်အိတ်(၁)ထုပ်လျှင် (၅၀ဝိ-/) ဖြင့်ရောင်း ချကြောင်း မီးမွှေးစာအဖြစ် အသုံးပြုကြသည့် ထင်းရှုးဆီဈေးနှုန်းမှာ ထင်းရှုးဆီ အတို(၅) ချောင်းပါ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ်၊ အရှည် (၅)ချောင်းပါ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)