
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ သောနေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော် လက်က္ကားတစ်ပြည်လျှင်(၇၂၀၀)ကျပ်၊ လက်လီ တစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ရှိကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)