
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှုးဦးအောင်ဇော်ဦး သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်(၆-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆန်စပါးလုပ်ငန်းရှင်နှင့်ဦ ဆန်စက်လုပ်ငန်းရှင် (၄၂)ဦးခန့် အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်၍ တောင်သူများ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မအူပင်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၃၆)လုံး မှတ်ပုံတင်ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရ ကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာမှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင်များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)