
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ သခွားသီးများကို တနိုင်တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီးသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေများတွင် ပိုမို ဖြစ်ထွန်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်တွင် မြသလ္လာဈေး၌ ရောင်းချနေသည့် သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ သခွားသီးကို ခြစ်၍ ပဲမှုန့်၊ မြေပဲဆံ၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း၊ ငံပြာရည်၊ ငါးပိရည်ချက်တို့နှင့် အတို့အမြုပ်ဖြင့်လည်းကောင်း၊ အသားနှင့်ချက်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။
DOCA(စစ်ကိုင်း)