မုံရွာမြို့ ကမ်းနားလမ်းနှင့် သံလမ်းဈေးရှိ နာနတ်သီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ် များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

          ဩဂုတ်လ ပထမပတ်တွင် ကမ်းနားလမ်းနှင့် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းအနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)