
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူ မြို့မဈေးရှိ (၁၀)ဂရမ်နှင့်အထက်အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့မဈေးရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များရှိ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းမျာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းမျိုးမျိုးအား ရောင်းချခြင်းမပြုရန်နှင့် သက်တမ်းကုန်ဆုံးနေသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)