မန်ကျီးပင်တစ်ပင်လုံးအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မန်ကျီးပင်များပေါများလှသည်။ မန်ကျီးပင် သည် အမြင့် ၃ပေလောက်အရွယ်မှစတင်ကာ အရွယ်နုကလေးများကို စတင်ကြော်၊ချဉ်ရည်၊ အသုပ်များ အသုံးပြုလာကြသည်။ မန်ကျီးရွက်များမှာ တန်ခူးလမှ နယုန်လအထိ ပေါ်ဦး ပေါ်စ မန်ကျီးရွက်နု များ စတင်ထွက်ရှိသည့်အချိန်တွင် (၁၀)သားလျှင် ၂၀၀၀ ကျပ်မှ လှိုင်လှိုင်ပေါများသည့် အချိန်တွင် (၁၀)သားလျှင် ၁၀၀၀ ကျပ်နှင့်ရက်ရှည်လများ စားသုံးရန် မန်ကျီးချဉ်များပြုလုပ်၍ စားသုံးရန် သာမက စီးပွားဖြစ်ရောင်းချမှုများ ပြုလုပ်ကြသည်။

     မန်ကျီးအရွက်များရင့်လာပြီးဝါဆို၊ဝါခေါင် မန်ကျီးအစိမ်းများ ဈေးကွက်အတွင်းသို့ဝင်ရောက်  လာပြီး ပေါ်ဦးပေါ်စအချိန်တွင် မန်ကျီးစိမ်း ၁၀ သားလျှင် ၂၀၀၀ ကျပ် လှိုင်လှိုင်ဝင်ရောက်လာ သည့် အချိန်တွင် ၁၀၀၀ ကျပ်ရှိကြပြီး မန်ကျီးကိုအစိမ်းထောင်း၊ ငကြော်ချက်၍ ပုဇွန်နှင့် မျှစ် တို့ ဖြင့် ရောနှောချက် ပြုတ်စားပြီး စားသောက်ကြသည်။ထိုမှ တဆင့် တပေါင်း၊တန်ခူးလတို့တွင် မန်ကျီးသီးမှည့်များ ဈေးကွက်သို့ဝင်ရောက်လာပြီး မန်ကျီးမှည့်အသစ်များ ၁ ပိဿလျှင်(၁၀၀၀၀) ကျပ်ထိရှိခဲ့သည်။ မန်ကျီးသီးအမှည့် ဗလာ ချောင်ကြော် ၊ချဉ်ရည်ဟင်း ၊ခေါက်ဆွဲကြော်၊ ကြာဇံ ကြော် တို့နှင့်လည်း အချဉ်ပြုလုပ်ပြီး စားကြပြီး မန်ကျီးဖျော်ရည် ၊ မန်ကျီးကော်ဖီများ ပြုလုပ်ကြ သည်။မန်ကျီးပင်သည် အသားမာကြောသောကြောင့် အသား ၊ ငါးခုတ်ရာတွင် စင့်တီတုံး ပြုလုပ် ၍ ၎င်းတုံးဖုတ်ရာတွင်လည်းအသုံးပြုကြပြီး ထင်းအဖြစ်အသုံးပြုကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)