
မန္တလေးဈေးကွက်အတွင်းသို့ မန္တလေးမြို့/စစ်ကိုင်းအနီးတဝိုက်တို့တွင် ဇီးဖြူပင်များ အလေ့ကျပေါက်သော အသီးတစ်မျိုးဖြစ်သည်။ ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုး တဝိုက်တို့တွင် စိုက်ပျိုးလာပြီး မိမိတို့အိမ်တွင်စားသုံး၍ ပိုလျှံသော အသီးများကို ဈေးသို့တင်ပို့ရောင်းချပြီး စီးပွား ဖြစ် စိုက်ပျိုးလာကြသည်။ ဇီးဖြူပင်သည် နှစ်ရှည်သီးပင် တစ်မျိုးဖြစ်သည်။ ယခင်နှစ် များတွင် ဇီးဖြူသီးများ တော်သလင်းလလောက်မှတင်၍ ဈေးကွက်သို့ဝင်ပြီး ယခုနှစ်တွင် မိုးကောင်းသည့် အတွက်ကြောင့် ဇီးဖြူသီးများဈေးကွက်သို့အဝင်စောလာသည့်အပြင် ပြာသိုလလောက်အထိ အသီးများသီးလျက်ရှိသည်။ ယခင်နှစ်က ၁၀လုံးလျှင် (၃၀၀-၄၀၀) တစ်ပြည်လျှင် (၂၅၀၀)ကျပ် ရှိခဲ့ပြီး ယခုနှစ် ပေါ်ဦးပေါ်စအချိန်တွင် ၁၀လုံးလျှင် (၁၃၀၀-၁၅၀၀) ကျပ် လှိုင်လှိုင်ထွက်ရှိသည့် အချိန်တွင် ၁၀လုံးလျှင် ၅၀၀ ကျပ် တစ်ပြည်လျှင် (၃၅၀၀)ကျပ် ဈေးဖြင့်ရောင်းဝယ်လျက်ရှိသည်။ မြန်မာလူမျိုးတို့သည် ဇီးဖြူသီးကို အစိမ်းထောင်း၍သော်လည်းကောင်း ပြုတ်၍ထောင်းပြီး ဇီးဖြူ သီးသနပ်ပြုလုပ်ပြီး ဇီးဖြူသီးကို ငါးကြော်ဖြင့်ချက်၍ စားသုံးကြသည်။ ဇီးဖြူသီး ပေါများသော အချိန်တွင် ရက်ရှည်စားရန် ဆားရေစိမ်ပြုလုပ်ကြသည်။ ဇီးဖြူသီးကို သီးစုံအချဉ်ပေါင်းများတွင် ထည့်၍ ရောင်းကြသည်။ ဇီးဖြူသီးတွင် သံဓာတ်ပါဝင်ကြောင်း ဇီးဖြူသီးခြောက်ကို ပရဆေးများ ပြုလုပ်ရာတွင် အသုံးပြုရုံသာမက တရုတ်ပြည်သို့လည်း တင်ပို့ရောင်းချသူထံမှသိရှိရပါသည်။
DOCA (မန္တလေး)